privacy_policy

ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒ

 

အသုံးပြုသူတစ်ဦးချင်း၏ အချက်အလက်များစီမံခန့်ခွဲမှု

ကျွန်ုပ်တို့ (Global Marketplace Community Commerce Platform) ၏ ဝဘ်စာမျက်နှာသို့ ဝဘ်ဘရောက်ဇာ (သို့မဟုတ်) မိုဘိုင်း အက်ပလီကေးရှင်း မှတဆင့် အသုံးပြုသူ၏ သဘောဆန္ဒအရ စတင်ဝင်ရောက်သည့် အခါ၌ နည်းပညာအခေါ်အဝေါ်  “ကွတ်ကီး” များ ကို အသုံးပြုသူအတွက် အဆင်ပြေလွယ်ကူစေရန်စီမံဆောင်ရွက်ပါသည်။ ထိုသို့ “ကွတ်ကီး” များကို သိမ်းဆည်း ဆောင်ရွက်သည့်အခါတွင် အသုံးပြုသူ၏ ဝဘ်ဘရောက်ဇာ/ မိုဘိုင်းအက်ပလီကေးရှင်း နှင့် ကျွန်ုပ်တို့၏ ဆာဗာသို့ဆက်သွယ်သည့် အချိန်ကာလ၌သာ နိုင်ငံတကာရှိ နည်းပညာ စံနှုန်းများကိုလိုက်နာ၍ ဆောင်ရွက်ထားပါသည်။ ၎င်း “ကွတ်ကီး” များသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ချိတ်ဆက်ထားသော လုပ်ငန်းများမှ ကြော်ငြာ လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်သောကြောင့် အသုံးပြုသူထံသို့ တိကျစွာကြော်ငြာပေးနိုင်မည်ဖြစ်ပါသည်။

 

ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များသိမ်းဆည်းခြင်း

ကျွန်ုပ်တို့ (Global Marketplace Community Commerce Platform) ၏ ဝဘ်စာမျက်နှာသို့ ဝဘ်ဘရောက်ဇာ (သို့မဟုတ်) မိုဘိုင်း အက်ပလီကေးရှင်း မှတဆင့် အသုံးပြုချိန်တွင်
အောက်ဖော်ပြပါ အချက်အလက်များကို ကျွန်ုပ်တို့ဆာဗာမှ ယာယီ (သို့မဟုတ်) အမြဲတမ်း သိမ်းဆည်းရယူပါသည်။
ထိုသို့သိမ်းဆည်းခြင်းဖြင့် ကနဦး ကြည့်ရှု့ခဲ့သည့် ရောင်းကုန်ပစ္စည်းများစာရင်း နှင့် ဝယ်ယူရန် စိတ်ကူးထားသော စာရင်းတို့ကို ဝဘ်ဘရောက်ဇာ (သို့မဟုတ်) မိုဘိုင်း အက်ပလီကေးရှင်း ခတ္တခဏ သိမ်းဆည်းဖော်ပြပေးပါသည်။

(က) အသုံးပြုသူ အဆင်ပြေချောမွေ့စေရန် အတွက် နည်းပညာအခေါ်အဝေါ်  “ကွတ်ကီး” များ ကိုယာယီသိမ်းဆည်းပါသည်။

() အသုံးပြုသူ မှတ်ပုံတင်စဥ် ၌ ဖြည့်သွင်းထားသော အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် တို့ကို သိမ်းဆည်းပါသည်။

() အသုံးပြုသူ စျေးဝယ်ယူသည့်အခါ ဖြည့်သွင်းထားသော လိပ်စာ ကိုသိမ်းဆည်းပါသည်။

() အသုံးပြုသူ စျေးဝယ်ယူထားသည့် အမျိုးအမည်နှင့် ဘောက်ချာ အမှတ်စဥ်များကို သိမ်းဆည်းပါသည်။

() အသုံးပြုသူ စျေးဝယ်ယူသည့် ဆိုင်၏ အမည်ကို သိမ်းဆည်းပါသည်။

() အသုံးပြုသူထံပို့ဆောင်မှု စနစ်မှ ပေးပို့သော မှတ်တမ်းများကို သိမ်းဆည်းပါသည်။

() အသုံးပြုသူထံမှ အကြံပြုချက် များကို သိမ်းဆည်းပါသည်။

() အသုံးပြုသူမှ စျေးဝယ်ယူထားသော စုစုပေါင်း အသုံးစားရိတ်ကို သိမ်းဆည်းပါသည်။
(စျ) အသုံးပြုသူမှ ဖြည့်သွင်းထားသော ကိုယ်ရေးဓါတ်ပုံ (နောက်ဆုံးပြင်ဆင်မှု) ကို သိမ်းဆည်းပါသည်။

() စျေးရောင်းချသူနှင့် အသုံးပြုသူအကြား ဆက်သွယ်ထားသော စာတိုပို့စနစ်မှ အချက်အလက်များကို သိမ်းဆည်းပါသည်။


အချက်အလက်များအသုံးပြုခြင်း
ကျွန်ုပ်တို့ (Global Marketplace Community Commerce Platform) ၌ မှတ်ပုံတင်စဥ်တွင် ပေးသွင်းထားသော ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ အစရှိသည်တို့ကို အောက်ဖော်ပြပါ အခြေအနေတွင် ကျွန်ုပ်တို့မှ ဆက်သွယ်နိုင်ပါသည်။

(က) Login ဝင်ရောက်နိုင်ရန် OTP ပေးပို့ခြင်း

() လျှို့ဝှက်ကုဒ်မေ့သွားသည့်အခါ OTP တောင်းခံခြင်းကြောင့် OTP ပေးပို့ခြင်း

() ရောင်းကုန်ပစ္စည်းများ အမှာစာမှာယူသည့်အခါ၌ အကြောင်းကြားစာပေးပို့ခြင်း
() ကုန်ပစ္စည်းများ ပေးပို့သည့်အခါတွင်ပို့ဆောင်သည့်အချက်အလက်များကို အကြောင်းကြားစာပေးပို့ခြင်း
() အသုံးပြုသူမှ ဆက်သွယ်စုံစမ်းမေးမြန်းခြင်းကြောင့် ပြန်လည် အကြောင်းပြန်ခြင်း

() အသုံးပြုသူအတွက် သိရှိသင့်သော သတင်းအချက်အလက်များ ပေးပို့ခြင်း

() ထူးခြားဖြစ်စဥ်နေ့များတွင် ဆုမွန်ကောင်းတောင်းသည့် စာများပေးပို့ခြင်း

() အသုံးပြုသူ၏ အကောင့်လုံခြုံရေးဆိုင်ရာသိသင့်သိထိုက်သော အချက်အလက်များပေးပို့ခြင်း

(စျ) ငွေပေးချေခြင်းဆိုင်ရာ လွဲမှားမှုများရှိခဲ့ပါက အကြောင်းကြားစာပေးပို့ခြင်း

() အထူးနှုန်းထားများ နှင့် လျော့စျေးအစီအစဥ်များရှိပါက အကြောင်းကြားခြင်း

() လက်ဆောင်/ လျော့စျေး ကူပွန်ကုဒ် များပေးပို့ခြင်း

အချက်အလက်များမျှဝေအသုံးပြုခြင်း

အသုံးပြုသူများသည် ကျွန်ုပ်တို့ (Global Marketplace Community Commerce Platform) ၌ မှတ်ပုံတင်သည့် အခါတွင် အသုံးပြုသော ဖုန်းနံပါတ် နှင့် အီးမေးလ်တို့အား သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာမှ တဆင့် တစ်ခါသုံးလျှို့ဝှက်ကုဒ် (OTP) ကိုပေးပို့မည်ဖြစ်သောကြောင့် နည်းပညာပိုင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်း များနှင့်အညီ ချိတ်ဆက် အသုံးပြုမည်ဖြစ်ပါသည်။
အသုံးပြုသူများသည် ကျွန်ုပ်တို့ (Global Marketplace Community Commerce Platform) ၌ စျေးဝယ်ယူသည့်အခါတွင် ငွေပေးချေခြင်းဆိုင်ရာ နည်းလမ်း/ ဖြည့်သွင်းထားသော ဘောက်ချာ အမှတ်စဥ် အချက်အလက်များကို ကျွန်ုပ်တို့ချိတ်ဆက်ထားသော ငွေကြေးရေးလုပ်ငန်းများနှင့် လုပ်ငန်းဆိုင်ရာ အသုံးပြုမည်ဖြစ်ပါသည်။  

အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ်ရမည့် အချက်အလက်များဖြစ်သော ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ အိုင်ပီ လိပ်စာ အစရှိသည်များကို အသုံးပြုသူ၏ အမှာစာများပို့ဆောင်နိုင်ရန် ကျွန်ုပ်တို့နှင့်တကွ ကျွန်ုပ်တို့ချိတ်ဆက်ထားသော ပို့ဆောင်ရေးလုပ်ငန်းများမှ စီမံဆောင်ရွက်၍ ပို့ဆောင်မှုစနစ်၌ အသုံးပြုမည်ဖြစ်ပါသည်။   

 

ကျွန်ုပ်တို့မပြုလုပ်ပါ
အသုံးပြုသူများ၏ ကိုယ်ရေးကိုတာ အချက်အလက်များကို ကျွန်ုပ်တို့လုပ်ငန်းနှင့် မသက်ဆိုင်သော ပြင်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံသို့ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ မျှဝေခြင်း များကို ဆောင်ရွက်မည်မဟုတ်ပါ။

 

ဒေတာဖျက်ခြင်း

ကျွန်ုပ်တို့၏ ကော်စတော်မှာဝန်ဆောင်မှုစင်တာသို့ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်းဖြင့် ကိုယ်ရေးကိုယ်တာဒေတာများကို ဖျက်ပစ်ရန် တောင်းဆိုနိုင်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့များမှ ပြန်လည်သုံးသပ် အတည်ပြုပြီးနောက်၊ တရားမဝင်သော လုပ်ရပ်များမရှိပါက၊ သင့်ကိုယ်ရေးကိုယ်တာဒေတာကို ရက်အနည်းငယ်အတွင်း ဖျက်ပါမည်။ ကျွန်ုပ်တို့၏အက်ပ်များ ကို Global Marketplace Community Commerce Platform မှတရားမ၀င်သောလုပ်ရပ်များတွေ့ရှိသောအခါ သင့်ဒေတာကိုဖျက်မည့်အစား သင့်ဒေတာဝင်ရောက်ခွင့်ကို ဦးစွာကန့်သတ်ထားမည်ဖြစ်ပြီး တရား၀င်တောင်းဆိုမှုများကို ကာကွယ်ရန်အတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သိမ်းဆည်းထားနိုင်သည်။ သက်ဆိုင်ရာ ထိန်းသိမ်းမှုကာလ ကုန်ဆုံးသည့်အခါ ဒေတာကို ဖျက်လိုက်ပါမည်။